အခုတလော User တွေဆီကို Internet Gmail ကနေတစ်ဆင့် ပျံ့နှံ့နေတဲ့ Virus တစ်မျိုးကို တွေ့လာရပါတယ်။ Virus ဟုတ်၊မဟုတ်ကိုလည်း အလွယ်တကူ ခွဲခြားသိရှိနိုင်ပါတယ်။ မိတ်ဆွေတို့ရဲ့ Gmail Inbox ထဲမှာ Subject မှာ
(no subject) အနေနဲ့ စာရောက်နေပြီး ဖွင့်ကြည့်လိုက်ရင် ဘာအကြောင်းအရာမှ မရေးထားဘဲနဲ့ http://blahblah.com/mas5.html ဆိုပြီး Link တစ်ကြောင်းပဲ တွေ့ရမှာပါ။ တစ်ခါတစ်ရံမှာတော့ ဘာဘာ ညာညာဆိုပြီး လူတွေစိတ်ဝင်စားအောင် တစ်ခုခုရေးထားပြီး ဆက်ဖတ်ချင်ရင် ဒါမှမဟုတ် အဲဒီအကြောင်းအရာကို ဆက်ကြည့်ချင်ရင် Link ကို နှိပ်ပါဆိုပြီး ကျွန်တော်ရေးပြထားတဲ့ Link အတိုင်း ပေးထားကို တွေ့ရပါလိမ့်မယ်။ အဲဒီလိုမျိုး တွေ့ပြီဆိုရင်တော့ အဲဒီစာကို Delete လုပ်လိုက်ပါ။ ပေးထားတဲ့ Link ကို လုံးဝမနှိပ်မိပါစေနဲ့။ အကယ်၍ နှိပ်လိုက်မိတယ်ဆိုရင် မိမိရဲ့ Mail account ကို ချက်ချင်း Sign Out ပြန်ထွက်ပါ။ ပြီးမှ Sign in ပြန်ဝင်ပြီး Mail Password ကို ချက်ချင်း Change လိုက်ပါ။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီ Link ကို နှိပ်လိုက်တာနဲ့ Nick name နဲ့ Password အပါအ၀င် မိမိရဲ့ Gmail account တစ်ခုလုံးရဲ့ Detail အားလုံးကို လိုသလိုထိန်းချုပ်နိုင်အောင် Hacker ဆီကို ပြန်ပို့ပေးပါတယ်။ မိတ်ဆွေတို့အနေနဲ့ အမှတ်တမဲ့နဲ့ သတိမပြုမိဘူးဆိုရင်တော့ မိတ်ဆွေတို့ရဲ့ Gmail Password ကို ပြောင်းလိုက်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ဘဏ်စာရင်းတွေ၊ Credit Card နံပါတ်တွေနဲ့ အရေးကြီး အချက်အလက်တွေအပြင် မိမိရဲ့ကွန်ပျူတာမှာရှိတဲ့ Data တွေကိုလည်း ခိုးယူသွားပါလိမ့်မယ်။ ဒါ့အပြင် မိတ်ဆွေတို့ရဲ့ Gtalk List ထဲမှာရှိတဲ့ Online Friends တွေဆီကို မိတ်ဆွေက ပို့လိုက်သလိုပုံစံမျိုးနဲ့ Mail တွေ ထပ်ပို့မှာ ဖြစ်ပါတယ်။ အပို့ခံရတဲ့ သူတွေကတော့ မိတ်ဆွေက ပို့လိုက်တဲ့ Mail မို့လို့ စိတ်ချလက်ချ ၀င်ကြည့်လိုက်တာနဲ့ ဒုက္ခရောက်ပြီသာမှတ်ပေတော့။ မိတ်ဆွေတို့အနေနဲ့လည်း မိမိရဲ့ Gmail account ကို Sign in ၀င်လို့ရတော့မှာမဟုတ်ပါဘူး။
မှက်ချက်။ ။http://uth.22web.net/ မှတင်ဆက်သည်။

No comments:
Post a Comment