Chin Engineering Groups

Sunday, October 16, 2011

Link တွေ အလုပ်မလုပ်ရင်

အင်တာနက်သုံးစွဲသူ အချို့ကြုံဖူးကြတဲ့ ပြသနာလေးပါ ။ Web site / page, email  စတာတွေပေါ်မှာ ပါတဲ့ link တွေကို နှိပ်လိုက်ရင်

အညွှန်းပြုထားတဲ့ ဆိုဒ်ဆီကိုမရောက်ပဲ Unable to oppen http://..........com/mm  ဘာညာဆိုပြီး ပေါ်လာတတ်ပါတယ် ။ User အနေနဲ့
ကတော့ Browser ပဲ ပြောင်းတင်ရမလို window ပဲ ပြောင်းသုံးရမလို ပေါ့ ။တကယ် က  Link explorer    error  ပါ ။Link  တွေကို ဖွင့်ပေးတဲ့         HTM နဲ့ HTML  file type  တွေ ကို ဘာနဲ့ ဖွင့်မယ် ဆိုတာရွေးပေးရပါမယ် ။ဒီပြသနာလေးကို ကျွန်တော်ကြုံဖူးပါတယ် ။ကျွန်တော့လို ရွာလည်မနေအောင် သူငယ်ချင်းတွေအတွက် ရေးတင်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်
အရင်ဆုံး  my computer ကိုဖွင့်ပါ/အပေါ်ဘက် ခေါင်းစဉ်တွေထဲက Tools ကို ကလစ်ပါ/folder option ကိုဝင်လိုက်ပါ/ခေါင်းစီး button လေးတွေထဲ က File type ကိုရွေးပြီးနှိပ်ပါ(သဘောက-HTMနဲ့ HTMLfile type
တွေကိုဘာနဲ့ ဖွင့်မယ် ဆိုတာရွေးပေးမယ်ပေါ့ဗျာ) ။နှိပ်ပြီးရင် Registerated File Types ဆိုတဲ့ပထမဆုံးစာကြောင်းအောက်က Box ထဲမှာ HTM ဆိုတာ အရင်ရှာပြီး High light ဖြစ်သွားအောင် select လုပ်ပါ ။ထို့နောက် ၄င်း Box အောက်ဖက်ရှိ Open with  ညာက်ဘေး က change (button) ထဲကိုဝင်ပြီး မိမိသုံးစွဲမဲ့ Browser ကိုရွေးပေးပါ(eg.Mozilla Firefox,Internet Explorer)။ ပြီးလျှင် Always use the selected program to open this kind of file ဆိုတဲ့ စာကြောင်းကို အမှတ်ခြစ်ပေးပြီး ok ကိုနှိပ်ပါ ။ထို့နောက် စောစော က HTM ကိုနှိပ်ခဲ့သည့်အတိုင်း HTML ဆိုတာကို လဲ ပြုလုပ်ပါ ။ HTM နဲ့ HTML နှစ်ခုလုံး ပြုလုပ်ပြီးပါ က Folder Option dialogbox  ကို Apply > OK လုပ်ပါ။ ထို့နောက် စက်ကို RESTART ချလိုက်ရင်တော့ link တွေအလုပ်လုပ်သွားပါပြီ။

No comments:

Post a Comment