Chin Engineering Groups

Monday, October 31, 2011

Sanitary အခြေခံသဘောတရားများ..http://ryanaungba.info

ကျနော် ဒီအောက်က ပိုစ့်ကို မြန်မာအင်ဂျင်နီယာ ဖိုရမ်မှာ တင်ဖူးပါတယ် အရင်ကတော့ ကျနော်တို့ စကားဝိုင်းလေး တခုအနေနဲ့ တင်ခဲ့ပါတယ် အခုကတော့ ကျနော် ကိုတိုင်ရေးသလို ပဲတင်လိုက်ပါတော့ တယ်။

ကျနော် အလွယ်ကူဆုံးလို့ထင်တဲ့ Sanitary System ကနေစပြောရအောင်ဗျာo
ဒီ sanitary system ထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ IC ဆိုတာလေးနဲ့ အရင် ပြောကြရအောင် အကြမ်းဖျဉ်းအနေနဲ့ ပြောရရင် ကျွန်တော်တို့ HDB Block (အဆောက်အဦး) တွေ အောက်မှာ IC ဆိုပြီးပေါ့… သံပြားလေးတွေ… iron ဆိုပြီး ရေးထားတယ်လေ။ အဲ့ဒီ IC လေးတွေက block လေးတွေ ပတ်ဝန်းကျင်မှာ အမြဲတမ်းရှိနေတတ်တယ်….။

အဲ့ဒီ IC လေးတွေက ကျွန်တော်တို့ ကြည့်လိုက်ရင် Block လေးတွေ ပတ်ပတ်လည်မှာပေါ့… ဟိုတစ်ကွက် ဒီတကွက် တည်ရှိနေသလို ထင်ရတယ်…။ တကယ်က တစ်ခုနဲ့ တစ်ခု ချိတ်ထားပါတယ်…။ ပထမဦးဆုံး IC က အနည်းဆုံး depth က 0.75m ရှိရမှာပေါ့နော်…။ IC ရဲ့ Top level ကိုတော့ survey သမား တိုင်းပေးတဲ့ ground level ကိုပဲ follow လုပ်ပြီး ယူရမှာပေါ့…။ ကျွန်တော်တို့ IC တစ်ခုနဲ့ တစ်ခု စီးဆင်းတဲ့ ပုံကို ပြရင် Top Level အနေနဲ့ ပြရမယ်…။ Invert Level အနေနဲ့ ပြရမယ်…။ နောက် Depth ကို ပြရမယ်….။
IC ပုံက ကျွန်တော်တို့ ပိုက်ကို ထက်ဝက်ခြမ်း ခြမ်းထားသလိုပေါ့…. အလယ်မှာ မြောင်းလေးနဲ့ ပိုက်လိုင်းလေး ပြေးထားတယ်…။ အဲ့ဒီ ပိုက်လို လမ်းကြောင်းလေးအပေါ်မှာမှ အပေါ် မျက်နှာပြင်ပေါ်မှာ… စဥ့်အရည်ကို သုတ်ပေးထားတယ်….။

IC တစ်ခုကနေ တစ်ခုကို သွားတဲ့အခါမှာပေါ့…။ တကယ်က IC တွေက တည့်တည့်သွားရမှာလေ..။ ဒါပေမယ့် ကွေ့လိုတဲ့အခါမှာ IC ရဲ့ အားနည်းချက်က တစ်နေရာကနေ တစ်နေရာကို direction က ဖြောင့်ဖြောင့်သွားနေတာကနေ ကွေ့တဲ့နေရာမှာ IC တစ်လုံး အမြဲတမ်းထားပေးရတယ်…။ ဒီလို IC တွေ ထားတဲ့အခါမှာလည်း IC ရဲ့ flow တွေ အဆင်ပြေအောင်ပေါ့…။ Gradient ကိုလည်း ဂရုစိုက်ပေးရတယ်..။
ဒီလိုသွားပါတယ်။

No comments:

Post a Comment