ကျနော် အလွယ်ကူဆုံးလို့ထင်တဲ့ Sanitary System ကနေစပြောရအောင်ဗျာ
ဒီ sanitary system ထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ IC ဆိုတာလေးနဲ့ အရင် ပြောကြရအောင် အကြမ်းဖျဉ်းအနေနဲ့ ပြောရရင် ကျွန်တော်တို့ HDB Block (အဆောက်အဦး) တွေ အောက်မှာ IC ဆိုပြီးပေါ့… သံပြားလေးတွေ… iron ဆိုပြီး ရေးထားတယ်လေ။ အဲ့ဒီ IC လေးတွေက block လေးတွေ ပတ်ဝန်းကျင်မှာ အမြဲတမ်းရှိနေတတ်တယ်….။
အဲ့ဒီ IC လေးတွေက ကျွန်တော်တို့ ကြည့်လိုက်ရင် Block လေးတွေ ပတ်ပတ်လည်မှာပေါ့… ဟိုတစ်ကွက် ဒီတကွက် တည်ရှိနေသလို ထင်ရတယ်…။ တကယ်က တစ်ခုနဲ့ တစ်ခု ချိတ်ထားပါတယ်…။ ပထမဦးဆုံး IC က အနည်းဆုံး depth က 0.75m ရှိရမှာပေါ့နော်…။ IC ရဲ့ Top level ကိုတော့ survey သမား တိုင်းပေးတဲ့ ground level ကိုပဲ follow လုပ်ပြီး ယူရမှာပေါ့…။ ကျွန်တော်တို့ IC တစ်ခုနဲ့ တစ်ခု စီးဆင်းတဲ့ ပုံကို ပြရင် Top Level အနေနဲ့ ပြရမယ်…။ Invert Level အနေနဲ့ ပြရမယ်…။ နောက် Depth ကို ပြရမယ်….။
IC ပုံက ကျွန်တော်တို့ ပိုက်ကို ထက်ဝက်ခြမ်း ခြမ်းထားသလိုပေါ့…. အလယ်မှာ မြောင်းလေးနဲ့ ပိုက်လိုင်းလေး ပြေးထားတယ်…။ အဲ့ဒီ ပိုက်လို လမ်းကြောင်းလေးအပေါ်မှာမှ အပေါ် မျက်နှာပြင်ပေါ်မှာ… စဥ့်အရည်ကို သုတ်ပေးထားတယ်….။
IC တစ်ခုကနေ တစ်ခုကို သွားတဲ့အခါမှာပေါ့…။ တကယ်က IC တွေက တည့်တည့်သွားရမှာလေ..။ ဒါပေမယ့် ကွေ့လိုတဲ့အခါမှာ IC ရဲ့ အားနည်းချက်က တစ်နေရာကနေ တစ်နေရာကို direction က ဖြောင့်ဖြောင့်သွားနေတာကနေ ကွေ့တဲ့နေရာမှာ IC တစ်လုံး အမြဲတမ်းထားပေးရတယ်…။ ဒီလို IC တွေ ထားတဲ့အခါမှာလည်း IC ရဲ့ flow တွေ အဆင်ပြေအောင်ပေါ့…။ Gradient ကိုလည်း ဂရုစိုက်ပေးရတယ်..။
ဒီလိုသွားပါတယ်။
သူ့ flow က မြန်မြန်ဆန်ဆန်လည်း မစီးရဖူး…။ ခပ်နှေးနှေးလည်း စီးလို့ မဖြစ်ဖူး…။မြန်မြန်ကြီးစီးတော့… သူ့ ရေ ကတော့ စီးသွားပါရဲ့…. Waste အဖတ်တွေပေါ့ ကျန်နေခဲ့တဲ့အခါမှာ IC ထဲ ပိတ်မိနေပြီး ပိုက်ပိတ် ပီးရေလျှံတာမျိုးတွေ နောက်ပိတ်နေပြီး အပေါ်က Fitting တွေသုံးမရတာမျိုးတွေ ဖြစ်တတ်တယ်…။ ဒီအတွက်ပေါ့…. သူ စီးဆင်းမယ့် Gradient ကို ပုံမှန်အားဖြင့် 1:90 ထားတတ်ကြတယ်…။ ဒါက ယေဘုယျအားဖြင့် ပြောတာပါ…။ IC တွေရဲ့ Pipe size အလိုက် သတ်မှတ်ထားတဲ့ Gradient တွေလည်း ရှိတယ်လေ…။ သူတို့မှာ ဘယ်လောက်ပဲထားရမယ် ဆိုတာ CODE OF PRACTICE ON SEWERAGE AND SANITARY WORKS ရှိပါတယ်။
Flow Condition | Minimum Velocity | Minimum Gradient | Maximum Velocity | Maximum Gradient |
> Half Bore | 0.8 m/s | 1 in 250 | 2.4 m/s | 1 in 30 |
≤ Half Bore | 0.9 m/s | 1 in 120 | 2.4 m/s | 1 in 20 |
ပြီးရင် အဲ့ဒီ IC စီးဆင်းမယ့် Length တစ်လျှောက်မှာ နဂိုကတည်းက စဥ့်ရည်ကို သုတ်ထားပေးတဲ့အတွက် သူ့ဟာနဲ့သူ ချောပြီး သူ့ gradient နဲ့ သူ waste တွေက စီးဆင်းသွားတော့ ပိတ်မိနေတာမျိုး မဖြစ်တော့ဖူးလေ…။ အဲ့ဒီလို building တစ်ခုဆီက တစ်နေရာဆီကနေ IC တွေ ထွက်ထွက်လာပြီး စီးဆင်းလာတာ.. နောက်ဆုံးမှာ Block တစ်ခုလုံးအတွက် Main last IC ကိုဆက်ပြီတဲ့ အချိန်မှာ Manhole ဆိုတဲ့အပိုင်းမှာ သွားချိတ်တယ်…။ သူကတော့ အစိုးရက ဆောက်ပေးတဲ့ ကောင်တွေပါ ဒါတွေက block တွေရဲ့ အနီးတစ်ဝိုက်မှာ ရှိတတ်တယ်…။ သံပြားလို အ၀ိုင်းကြီး။ ညာဖက်ကတော့ Section ပုံလေးပေါ့။
depth အနဲဆုံးမရှိဘူးဆို 4m – 5m လောက်ရှိတယ်.. အဲ့ဒီ manhole ဆိုတာက တစ်နိုင်ငံလုံးကို loop ပတ်ထားတယ်….။ အဲ့ဒီမှာ last IC တွေကို သွားချိတ်ပေးရတယ်…။ အဲ့ဒီ ချိတ်တဲ့နေရာမှာ အရေးအကြီးဆုံးက ကျွန်တော်တို့ရဲ့ Block ရဲ့ Site boundary နဲ့ ချိန်ပေးရတာပါပဲ…။ ကျွန်တော်တို့ရဲ့ last IC က site boundary ကနေ 2.5m ထက် ကျော်လို့ မရတာပါပဲ…။ ပြီးရင် နောက်ဆုံးချိတ်မယ့် IC က Manhole ကို 225mm dia VCP (Vitrified clay pipe)နဲ့ ချိတ်ပေးရတတ်တယ်…။ တစ်ခုချင်းဆီရဲ့ သတ်ဆိုင်ရာ specification တွေကိုတော့ ရှိတာပေါ့….။
ဒီအကြောင်း Auto Cad ပုံလေးမဆွဲခင် သူ့ရဲ့ term လေးတွေ အရင် ပြောတာပေါ့… ဒါမှ ဘယ်ပိုက်က ဘယ်လို.. ဘယ်လို အကြောင်းကြောင့် ထည့်တယ်ဆိုတာလည်း သိနိုင်မှာ….။
ပထမဦးဆုံးကတော့ Soil & Waste Stack - ရေဆိုးတွေကို သယ်ယူမဲ့လိုင်းပေါ့…။ နောက်တစ်ခုက Vent Pipe.. ဆိုတာ..။ Vent Stack လို့လည်း ခေါ်လို့ရတယ်…။ အဲ့ဒီမှာ Horizontal အတိုင်း ပြေးတဲ့အခါ ကျွန်တော်တို့က Pipe လို့ ခေါ်ပြီး Vertical အတိုင်း ပြေးတဲ့အခါ Stack လို့ ခေါ်တာပေါ့.။ Soil & Waste Stack ဆိုတာ ပုံမှန်အားဖြင့် အိမ်သာတွေမှာ တွေ့ရတတ်တဲ့ ပိုက်မျိုး…။ ကျနော် ကိုချောလွင် BLOG ကနေ ကူးပြပေးပါ့မယ်။ ဒီလိုပါ
တစ်ချို့နေရာတွေမှာတော့ Bath room & WC က ထွက်လာတဲ့… Soil & Waste Stack နဲ့ Kitchen Waste Stack(KWS) ကို ခွဲထားတယ်..။ ဘာလို့လဲဆိုတော့ Kitchen တွေမှာက ဆီတွေနဲ့ သုံးလာတဲ့အခါမျိုးမှာ waste တွေက ဆီနဲ့ ရောပြီး ခဲသွားတာမျိုး… ပိတ်မိသွားတာမျိုးဖြစ်တတ်တော့ Kitchen က ထွက်လာမယ့် waste ကို KWS ဆိုပြီး သီးသန့်ခွဲလိုက်တာပေါ့…။ နောက်တစ်မျိုးက ပုံမှန် Waste Pipe ဆိုပြီး သပ်သပ် ရှိတယ်…။ သူကတော့ normally အားဖြင့် ပုံမှန် စွန့်ပစ်တဲ့ ရေမျိုး…။ ဥပမာ Wet Riser, Hosereel Riser တွေမှာ ရေယိုစိမ့်လို့ဒါမှာမဟုတ် ပြင်လို့ပဲဖြစ်ဖြစ် အသုံးပြုတဲ့ အခါမှာဖြစ်ဖြစ် ရေကျမှာပါ အဲလိုမျိုးကျလာတဲ့ စွန့်ပစ်ရေမျိုးအတွက် Waste Stack ဆိုပြီး သီးခြား ခွဲပေးတယ်….။ ဒီလို Waste Strack ကို Flow Waste လေးတွေနဲ့ ချိတ်ပေးရတယ်…။ အောက်ဆုံးပိတ် (Ground floor) ကျမှ Flow Trap နဲ့ သွားချိတ်ပေးတာပေါ့…။ Flow Waste ဆိုတာကတော့ ပုံမှန် main ထဲကို သွားချိတ်တဲ့ conduit pipe လို pipe ပါပဲ…။ Flow Trap ဆိုတာက water seal လေးပါ ပါတယ်….။ pipe လေးရဲ့ ထိပ်မှာ.. ရေလေးက အမြဲ တင်ကျန်နေတတ်တယ်…။ နောက် ပိုက်အကွေး နှစ်ခု ကို ချိတ်ပီး တော့လေး Water Seal ဖြစ်အောင် လုပ်ပြီး လဲ သုံးတတ် ကြပါတယ် အဓိက ကတော့ ရေတင် ကျန်နေခဲ့ ပီး အောက်က ပုံမှာ ပြထား တဲ့ အတိုင် ပိုက်အကွေး မှာ ရေပြည့် နေရင် ရပါဘီ ဒါလေးက FlowTrap ပုံပါ….။
ဒီလို ဖြစ်တာက…ဒီ Flow Trap ကနေ main ကို စွန့်လိုက်တဲ့ waste တွေထဲက အနံ့အသက်တွေ ဘာတွေက အပေါ်ကို ပြန်မတက်လာနိုင်အောင် ရေနဲ့ အကာအကွယ်လုပ်ထားပေးတဲ့ သဘောပေါ့…။ နောက် IC ထဲကနေ ပိုးဟပ်တို့လို အင်းဆက်အမျိုးမျိုးပေါ့… အပေါ် ပြန်မတက်လာနိုင်အောင်လည်း တားဆီးပေးထားပါပဲ…။ flow trap ရဲ့ water seal က ဒီလို အခြေအနေမျိုးကို ကာကွယ်ပေးထားတာပေါ့…။
နောက်တစ်ခုကတော့ WC.
WC ကတော့ သူ့ရဲ့ function မှာ ကိုက Water seal က ပါပြီးသားပါ….။
Flow Trap တွေထားရမယ့် နေရာကလည်း ဂရုစိုက်ရပါတယ်…။ Flow Trap က ရေအမြဲ သုံးနေတဲ့ နေရာမျိုးမဟုတ်ရင် ရေတွေက Dry ဖြစ်သွားမယ်….။ Dry ဖြစ်သွားရင် ကျွန်တော်တို့ IC ထဲကနေ ပိုးဟပ်လို နောက်.. တစ်ခြား အင်းဆက်တွေ တက်လာတတ်တယ်.. ။ ဒီတော့ Dry ဖြစ်တတ်တဲ့ နေရာမျိုးမှာ ကျန်းမာရေးအတွက်ရော ပတ်ဝန်းကျင်အတွက်ရော သီအိုရီတွေ အရပါ Flow trap သုံးခွင့် မရှိဖူး…။ ဒီအတွက် Flow Trap ကို ရေ အမြဲ သုံးတဲ့ Kitchen လို၊ အိမ်သာနဲ့ ရေချိုးခန်းလို နေရာမျိုး၊ ရေ အမြဲ သုံးနေတဲ့ နေရာမျိုးမှာပဲ သုံးခွင့်ရှိပါတယ်…။ ဒါကြောင့် Water Dry ဖြစ်တတ်တဲ့ နေရာမျိုးမှာ Flow trap ကို သုံးလို့မရတဲ့အတွက် အဲ့ဒီလို နေရာမျိုးမှာ ကျွန်တော်တို့က flow waste လေးတွေနဲ့ချိတ်ပြီး သူ့ကို waste stack ဆိုပြီး သီးသန့် ဆင်းပေးရပါတယ်…။ ဒီနေရာမှာ 1st storey နဲ့ Ground Floor တို့ရဲ့ ကွဲပြားပုံလေး ရှိသေးတယ်...။ ကျွန်တော်တို့နိုင်ငံမှာကတော့ မြေညီထပ်ဆိုရင် Ground Floor ပေါ့.. သူ့အပေါ်မှာမှ 1st Floor, 2nd Floor, 3rd Floor ပေါ့… ။ ဒီတော့ ၈ ထပ် တိုက်ဆိုရင် 7th Floor က အပေါ်ဆုံးထပ် ဖြစ်သွားရော….။ ဒီမှာကျတော့ Ground Floor က 1st Stroey တိုက်ရိုက်ဖြစ်တော့ ကျွန်တော်တို့ဆီက အခေါ်အဝေါ်တွေနဲ့ နည်းနည်းကွဲပြားသွားတော့တာပေါ့….။ ဒီနေရာမှာ pipe line လေးတွေရဲ့ storey တစ်ခုနဲ့ တစ်ခု run တဲ့အခါမှာ ဒီအခေါ်အဝေါ်တွေကလည်း မှတ်သားစရာပေါ့..။
ဒါပေမယ့် 1st storey(မြန်မာလိုဆိုရင်တော့ Ground Floor Level) ကို ရောက်တဲ့အခါမျိုးမှာတော့ flow waste တွေက water seal မပါတော့ သူက IC ကို တိုက်ရိုက် ချိတ်ခွင့် မရှိပြန်ပါဖူး…။ ဘာလို့လဲဆိုတော့ သူက water seal မပါတဲ့အတွက် အပေါ်ဖက်ကို အနံအသက်တွေ ပြန်တက်လာတာမျိုး ဖြစ်တတ်တယ်…။ ဒီတော့ သူ့ကို IC ထဲ မချိတ်ခင်မှာ flow waste တွေက flow trap တွေကို connect လုပ်ပေးရပါတယ်…။ ပုံမှန်အားဖြင့်တော့ သီအိုရီတွေအရက ဒီလိုလုပ်တတ်ပါတယ်…။ ဒါပေမယ့် တစ်ချို့နေရာတွေမှာပေါ့…. Wash basin တို့လို.. sink တို့လိုကနေ ဆင်းတဲ့ pipe တွေမှာ water seal ပါပေမယ့် သူတို့က IC ကို တိုက်ရိုက်မချိတ်ပဲ… flow trap ကို ခံပြီး ဆင်းတာမျိုး လုပ်တတ်ပါတယ်…။ ဒါကတော့ ပိုပြီး စိတ်ချရအောင်ပါ…။
နောက်တစ်ခုက flow trap တွေကိုပေါ့… Air Corn အရမ်းအေးတဲ့ အခန်းတွေရဲ့ အပေါ်မှာထားရင် insulation လုပ်ပေးရတယ်….။ ဘာလို့လဲဆိုတော့ သူ့ဆီကနေ ရေငွေ့ရိုက်သလို ရေပြန်ကျမှာစိုးလို့…။ရယ် နောက် water seal ခဲသွားမှာ စိုးလို့ပါ နောက်ပြီးတော့ flow trap တွေ၊ Waste Pipe တွေကိုလည်း kitchen တို့ bed room တို့လိုနေရာမျိုးမှာ high level နဲ့ ပြေးပြီး ထားခွင့်လည်း မပြုပါဖူး…။ ဒါကြောင့် HDB လိုမျိုးတွေမှာဆိုရင် အိမ်သာ၊ ရေချိုးခန်းတွေက Typical လို ဖြစ်နေတာပေါ့…။ လိုအပ်ရင်လည်း သီးသန့် ဒီဇိုင်းမျိုးတွေ ရှိတတ်ပြန်ပါသေးတယ်….။ ဥပမာ ပေါ့နော်…။ Design တစ်ခုမှာ လိုအပ်ချက်အရပေါ့… 1st storey ရဲ့ Kitchen Waste Pipe ကို Basement မှာ High Level ပြေးပြီဆိုပါတော့…။ အဲ့ဒီမှာ waste pipe က Underground RC Water Tank ပေါ်မှာဖြတ်ချိန် leakage ဖြစ်မယ်ဆိုရင် ပြသနာတက်မယ့် သဘောပေါ့…။ အဲ့ဒီလိုမျိုးဆိုရင် leakage ကို ကာကွယ်ဖို့ water tank မှာ slab ရှိတယ်ဆိုပေမယ့်… safe မဖြစ်ဖူးလို့ ယူဆနိုင်ပါတယ်…။ ဒီလိုအခါမျိုးမှာ double slab လိုမျိုး အသုံးပြုလာရတဲ့အတွက် တစ်ဖက်မှာလည်း space အတွက် effective area တွေ လျော့ကျသွားနိုင်သလို တစ်ဖက်မှာလည်း waste pipe line တွေအတွက် အထားအသိုကို ဂရုစိုက်ပေးရပြန်ပါတယ်…။ တစ်ဖက်မှာလည်း ကိုယ့်ရဲ့ effective capacity ကို ဂရုစိုက်ပေးရဦးမယ်လေ…။
ကဲ.. Flow Trap တွေ Waste Pipe လေး ပြီးတော့ ကျွန်တော်တို့ Vent Pipe အကြောင်း ဆက်တာပေါ့….။
Vent Pipe အကြောင်း မပြောခင်ပေါ့… ကျွန်တော်တို့ Vent Pipe နားမှာ water seal နဲ့ ရေက အမြဲ ရှိနေမယ်… ။ ဒီတော့ flow တွေက ကျလာတဲ့အခါ အဲ့ဒီ flow အတွက် အရာဝတ္ထုတွေက မလာခင်မှာ လေက အရင်လာမယ်.. ။ ဒီတော့ water seal လုပ်ထားတဲ့နေရာမှာ လေက ကန်ထွက်လာတော့ ရေလျှံတာမျိုးတွေ ဖြစ်တတ်တယ်…။ စဉ်းစားကြည့်…။ ဒီချိန်မှာ toilet ကို အသုံးပြုနေရင် ဘယ်လောက် feel ပျက်မလဲဆိုတာ။
အမှန်ပဲ.. တစ်ဖက်မှာလည်း ဒီလို ဖြစ်တတ်သေးတယ်…။ ဥပမာပေါ့…။ အောက်ထပ်ကလူက ရေကို ဆွဲချလိုက်မယ် ဆိုပါစို့..။ အဲ့ဒီအခါမှာ pipe ထဲကလေက suction ဖြစ်ပြီး အပေါ်ထပ်က water seal လုပ်ထားတဲ့နေရာက ရေကိုပါ လေက ဆွဲစုပ်ယူသွားမယ်…။ အဲ့ဒီအခါ အောက်က ပိုက်က အရှိန်နဲ့ ပွင့်ထွက်လာပြီး အပေါ်က water seal ကလည်း dry ဖြစ်သွားနိုင်ပြန်ရော…။ အဲ့ဒါတွေကြောင့် flow အတွက် အတွင်းမှာ ရှိထားတဲ့လေကို ပြန် ထုတ်ပေးဖို့ vent pipe ကို ထားကြတာပါ…။ နောက်… အထဲမှာ လေတွေက အောင်းထားတာမျိုးဆိုရင် အဲ့ဒီလေထုထဲကနေ Hydrogen Sulphide လိုအငွေ့မျိုးထွက်လာပြီး toxic ဖြစ်လာနိုင်တဲ့အတွက် ပြန်ထုတ်ပေးရပါတယ်….။ အဲ့ဒီမှာ… vent pipe တွေကို ကျွန်တော်တို့ building တွေရဲ့ အပေါ်ကို အထက် 2.5m လောက် တက်ပြီး ထုတ်ထားတာတွေ ရှိပါတယ်…။ နောက် သတိထားမိကြမှာပါ…။ အဲ့ဒီ pipe တွေကို bend ပြန်လုပ်ပေးထားကြပါတယ်…။ ဒါကတော့ လေကို အပေါ်ကို ပြန်ထုတ်လိုက်ပေမယ့် အဲ့ဒီ အပေါက်ကနေ အင်းဆက် ပိုးမွှားတွေ နောက် မလိုလားတဲ့ အမှိုက်သရိုက်တွေနဲ့ မိုးရေတွေ မ၀င်လာစေဖို့ပါပဲ…။ အဲ့ဒီမှာ ပိုက်ထိပ်ကို ဇကာတို့ ဘာတို့နဲ့ ထိပ်မှာ ပြန် ပိတ်ထားရပါတယ်…။ နောက် အဲ့ဒီ vent pipe က အပေါ်မှာ ပိတ်ဆို့နေတာမျိုးလည်း မရှိအောင် ဂရုစိုက်ပေးရပါမယ်….။
နောက်တစ်ခုက pipe တွေရဲ့ နေရာချပုံကို ပြောရမှာပေါ့….။ ဒီဇိုင်းတစ်ခု လုပ်မယ် ဆိုပါစို့.. ။ Plan ပေါ်မှာ High level run မယ့် Pipe stack တစ်ခုက flow trap ကို သွားချိတ်တဲ့အခါမျိုးမှာပေါ့….။ အဲ့ဒိလိုအချိန်မှာ အဖျားဆုံးက basin လို ရေများများသုံးတဲ့နေရာကလာတဲ့ pipe ကို ထားပေးရတယ်…။ ပြီးမှာ WC က ပိုက်ကို ၀င်လာမယ်..။ အဲ့ဒီနေရာမှာ အကွေးအပြုတွေက အရေးကြီးလာပါတယ်…။ တစ်နေရာကနေ တစ်နေရာကို သွားတဲ့အခါ အကွေ့တွေမှာ ချိုးရတဲ့အခါမျိုးဆိုရင် 45 degree Elbow 2 ခုကို ဆက်ပြီး အသုံးပြုရပါတယ်…။ မဟုတ်ရင် အကွေးအပြုမှာ အဖတ်တွေက ကျန်ခဲ့ရင် ပိတ်ဆို့မှုတွေ ဖြစ်လာတတ်ပါတယ်…။ 45 degree elblow သုံးတဲ့အခါမှ လျှောလျှောလျှူလျှူ စီးဆင်းသွားနိုင်မှာ…။ ဒီနေရာမှာ ရေများများသုံးတဲ့ဟာမျိုးကို အဖျားဆုံးမှာထား… (ဥပမာ basin လို) နောက် WC တို့ ကို ထားပြီးရင် အဖျားမှာ Cleaning Eye လို အရာမျိုးကိုလည်း ထားပေးရပါတယ်…။ ဒီ Cleaning Eye ကို High Level run ထားတဲ့ ပိုက်တွေရဲ့ ထိပ် အကွေးအပြု Elbow တွေရဲ့ အလယ်လောက်မှာ တွေ့ရတတ်ပါတယ်…။ နောက် အဖျားမှာလည်း တွေ့ရတတ်ပါတယ်…။ ဒီနေရာမှာ ပုံဆွဲတဲ့အခါမှာလည်း ဂရုပြုပေးရပါတယ်…။ flow စီးဆင်းလာတဲ့ diection ကို ကန့်လန်ခံပြီး မထားပေးရပါဖူး…။ flow ရဲ့ direction နဲ့ ပြောင်းပြန် ထားပေးရပါမယ်…။ မဟုတ်ရင် အထက်ကနေ flow က စီးဆင်းလာတဲ့အခါမျိုးမှာ clean လုပ်တဲ့အခါ အဆင်မပြေတာမျိုး ကြုံရပါမယ်…။ ဒီအတွက် ဒီ Cleaning Eye လိုဟာမျိုးကို ပုံဆွဲတဲ့အခါမှာ direction မမှားအောင် ဂရုစိုက်ပေးရပါတယ်…။ကိုပိုက်စီးစေချင်တဲ့ ရေစီးရဲ့ နောက်ကနေထားပေးရပါတယ် ရေစီး အတဲ့ မှာထားမယ်ဆိုရင်တော့ နောက်ပိုင်း ပြင်တဲ့ ကိုကို တွေအဆဲခံထိပါလိမ့်မယ် ဘာလို့လဲဆိုတော့ အဲဒီကောင် ဖွင့်လိုက်တာနဲ့ အပေါ်က ရေဆွဲချလိုက်ရင် အကုန်ရွှဲကုန်မှာ ပါပဲ။
အခုဈေးကွက်ထဲ မှာတော့ cleaning eye ပါပြီးသား elbow တွေဝယ်လို့ ရပါတယ်။ fitting တပ်တဲ့အခါတော့ ဂရုပြုရမှာပဲ… ဇောက်ထိုးတော့ မတပ်နဲ့ပေါ့လေ….။ နောက်တစ်ခုကတော့ တစ်ချို့ ပိုက်တွေက high level ပြေးတဲ့အခါမှာပေါ့… အဲ့ဒီအခါမျိုးမှာ ပိုက်တွေကို ဘယ်လိုထားမယ်…။ ဘယ်လိုပြေးမယ်ဆိုတာ…။ အပေါ် ceiling ကနေ ဘယ်လို ထားရမယ်ဆိုတာမျိုးပေါ့… box up လုပ်ဖို့ လိုပါတယ်
ဒီလို box up ကြီးတွေ လုပ်လိုက်တဲ့အခါကျရင် အခန်းအတွင်းကနေကြည့်ရင် မျက်နှာကျက်မှာ ဒီ box up လိုင်းကြီးကို မြင်နေရမှာပေါ့…။ နောက် ဒီ box up လုပ်လိုက်တဲ့အခါ pipe line တစ်လျှောက်လုံးကို တစ်ဖြောင့်ထဲ လုပ်ယူသွားတာလားမသိ.. ဘူးလို့ မေးနိုင်ပါတယ် ဟုတ်ပါတယ် အဲလို မှ မမြင်ချင်ရင် ဒီအတိုင်း ပိုက်ကို မြင်ရတာက ပိုရုပ်ဆိုးပါတယ်။ ဒါကတော့ box up လုပ်လိုက်တဲ့အခါမှာ သူက အောက်ကနေ ကြည့်ရင် beam line တစ်ခုလို မြင်ရတော့မှာပေါ့…။ တကယ်က အဲ့ဒီ pipe ကို အမြင်မဆိုးအောင်လို့ board တစ်မျိုးနဲ့ ကာထားပေးရမှာပေါ့…။ ဒါမှမဟုတ် ရင် နံရံကပ် ဘီဒိုတွေထဲမှာ ပြေးပေါ့။
အဲ့ဒါကတော့… ဥပမာ- တစ်ချို့ pipe တွေက bed room တွေကို ဖြတ်တဲ့အခါမှာမျိုး…။ Typical အရ မဖြစ်ပေမယ့် တစ်ချို့အခြေအနေမှာ Architect ကနေ မဖြစ်မနေ လုပ်ပေးရမယ် ဆိုတဲ့အခါမျိုးမှာဆိုရင် ဒီ pipe တွေကို ကျွန်တော်တို့က box up လုပ်ပေးရပါတယ်…။ Client က အခန်းဖွဲ့စည်းပုံကို သဘောကျလို့ ပိုက်ကို Bed Room ထဲကနေဖြတ်မှရမဲ့အနေအထားမျိုးဖြစ်လာရင် double slab လိုမျိုးလုပ်ပြီးတော့ Box up လုပ်ပေးရတာပေါ့…။ ဒါပေမယ့် double slab လို လုပ်တဲ့အခါမှာလည်း pipe ကို serviceablilty အရ access လုပ်တဲ့အခါ client ရဲ့ privacy ကိုမထိခိုက်ရအောင် အပြင်ဖက်ကနေ လူဝင်ပြီးတော့ပဲ ဖြစ်ဖြစ်၊ လက်လျှိုပြီးတော့ပဲ ဖြစ်ဖြစ် access လုပ်နိုင်အောင် အာခီနဲ့ ပေါင်း ပြီး ဒီဇိုင်း လုပ်ပေးရပါတယ်…။ ဒီအတွက် service လုပ်ဖို့ အပြင်ဖက်ကနေ access panel လိုဟာမျိုးကို ထားပေးရပါတယ်…။ double slab ရဲ့အနည်းဆုံး အမြင့် 600mm လူတစ်ကိုယ်စာ နောက် access panel (600x600) နောက်ပီး ကိုယ့်ဒီဇိုင်း အတည်မဖြစ်ခင် PUB(SEW) (Public Utility Board) ရေဆိုးစွန့် ဌာန မှာသွားပြပြီး ကိုကိုတွေက ဘောတူတယ် ဒီအတိုင်းလုပ်ပါ ဆိုမှာ ဆောက်ခွင့်ရှိပါတယ် ဒါတွေကြောင့် ဒီဇိုင်းအရ sensitive ဖြစ်လာတဲ့အတွက် Architect တွေက အများအားဖြင့် ရှောင်လေ့ရှိကြပါတယ်…။ ဖြစ်ခဲ့တဲ့အခါမျိုးဆိုရင်တော့လည်း ရှောင်လို့မရတော့ဖူးပေါ့.. အဲ့ဒီအခါမှာ box up လုပ်ရတာမျိုးတွေ ဖြစ်လာတော့တာပေါ့..။
သိပ်အရေးမကြီးတဲ့ corridor လိုမျိုးမှာဆိုရင်တော့ gypsum board လိုအရာမျိုးနဲ့ box up လေး လုပ်ပြီး ကာပေးထားလိုက်တယ်…။ နောက် cabinet ထဲ ထည့်လို့ရတဲ့ဟာမျိုး… ဥပမာ- Kitchen လိုမျိုးဆိုရင် Cabinet အတွင်းထဲ ထည့်လိုက်တယ်ပေါ့..။ ဒါပေမယ့် bed room လို privacy ရှိတဲ့ နေရာမျိုး၊ နောက် Kitchen ရဲ့ အပေါ် Hight Level ထဲ ဖြတ်တာမျိုးဆိုရင်တော့ double slab နဲ့ access way လို ထားပေးရပါတယ်…။ နောက် တစ်ခုက ceiling ကနေ drip pan လို ဟာမျိုးနဲ့ ပိုက်လိုင်းရဲ့ အောက်ကနေပြီး ထည့်ပေးရတယ်….။
ဒီအောက်ကလိုပေါ့။ (ပုံကြီးကြည့်လိုပါက ပုံတွင်ကလစ်လုပ်ပြီးကြည့်ပါရန်)။
အခုနောက် ပိုင်း ကျနော်သိရလောက်ကတော့ PUB က drip pan တွေကို အတည်ပြု ဆောက်ခွင့် သိပ်မပေးတော့ပါဘူး ကျနော်တို့ အနေနဲ့ ပိုက် leakage အတွက် sensor တွေ leakage monitoring ကိုဘယ်သူက လုပ်မလဲ ဆိုတဲ့ အရှုပ်ထုပ်တွေကြောင့်လို့ ထင်ပါတယ် အဲတကယ်ကို သူတို့ကို ကိုယ့်ဖက်က သေသေချာချာ ဂဂနန ရှင်းပြနိုင်မယ် ဆိုရင်တော့ သူတို့ သဘောတူကောင်းတူပါ လိမ့်မယ်။
နောက်တစ်ခုက IC ရဲ့ ပထမဥိးဆုံး IC မှာ Vent Pipe ကို ထားပေးရတယ်…။ minimum 100mm dia ရှိတဲ့ pipe တစ်လုံးကနဲ့ vent strack ထုတ်ပေးရမယ်…။ ဥပမာ.. 1st IC အမှိုက်ဆေးတဲ့ နေရာ (Bin Center) နားမှာမျိုး ရှိနေတယ်ဆိုရင်တော့ အဲ့ဒီ IC အတွက် vent pipe ကို Bin Center ခေါင်မိုး အပေါ်နားမှာ ထုတ်ပေးလိုက်ရင်ကို ရပါတယ်…။ တဖက်မှာ 1st IC ဟာ အခန်းတွေနားမှာ ရှိနေခဲ့တယ်ဆိုရင် အဲ့ဒီနားမှာရှိတဲ့ Vent Stack ကို သွား join ပေးရမှာပါ…။ Vent Stack တွေကတော့ လေပိုက်သက်သက်ပဲဆိုတော့ ကြိုက်တဲ့နေရာမှာ join လို့လည်း ရတယ်…။ အဓိကကတော့ Vent Pipe တွေက လေနဲ့ အနံ့အသက်တွေအတွက်ပဲ သီးသန့် အလုပ်လုပ်တဲ့အတွက်… ဘယ်နေရာမှာမဆို join လို့ရတယ်…။ 1st Storey နဲ့ အပေါ်ထပ်တွေနဲ့ ကွဲပြားတဲ့အချက်တစ်ခုကတော့ အပေါ်ထပ်တွေက flow pipe တွေက vent stack ကို သွား join ပေးရပေမယ့် 1st stotey မှာရှိတဲ့ pipe တွေကတော့ IC ဆီကို တိုက်ရိုက်ချိတ်နိုင်တာပါပဲ… ပထမထပ်အတွက်က Air Effect က အကျုံးမ၀င်တာလည်း ပါ ပါတယ်…။ နောက်တစ်ခုက IC မှာ ၀င်လာတာတွေက အားလုံးက လေ လုံနေတဲ့အခါကျတော့ အပေါ်ကနေ အရှိန်နဲ့ ကျလာတဲ့အခါ IC ပွင့်ထွက်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်… ။ ဒီအတွက် 1st IC လို နေရာမျိုးမှာ Vent Pipe တွေ ထုတ်ပေးထားရသလို.. 1st Storey ကနေ ၀င်လာတဲ့ လေကိုလည်း လက်ခံနိုင်တာ ဖြစ်ပါတယ်…။ ဒီဟာလေးတွေက sanitary အတွက် ပုံမှန် အထပ်မြင့်တွေရဲ့ piping အကြောင်းလေးတွေပေါ့…။
နောက်ထပ်သိဖို့လိုတာက ….Ejector pit ပါ။
တကယ်လို့တချို့ Building တွေမှာ Basement ပါခဲ့ရင် မြေပြင်ပေါ်က IC တွေ connect လုပ်ရလို့ မရပါဘူး ဘာလို့လဲဆိုတော့ IC တွေက သူတို့ အပေါ်မှာပဲ ရှိပါလိမ့်မယ်။ နောက်တချို့ အဆောက်အအုံတွေဆိုရင် အနီးအနားက Public Sewer Menhole က နောက်ဆုံး IC ရဲ့ Depth ထက်မြင့်နေမယ်ဆိုရင် Ejector Pump ကိုအသုံးပြုဖို့လိုပါလိမ့်မယ်။သူကတော့ ရှိသမျှ Waste တွေကို ကန်တခုမှာ စုပြီး pump နဲ့ ပြန်ထုတ်၊ Public Sewer Manhole ကိုသွားဆက်တာပါပဲ ဒီပုံလေးကို ကိုကြည့်ပါ။
နောက်ကျနော် သိထားတဲ့ အကြောင်းတခုက Ejector Pump တွေမှာ ရေဆိုးကို တခါတည်း သန့်စင်စစ်ထုတ်ပြီး အဖတ်တွေ ကို သတ်သတ် အရည်က သတ်သတ် ထုတ်နိုင်တဲ့ Treatment Plant တွေနဲ့လဲ တွဲသုံးပါတယ် ထွက်လာတဲ့ ရေဆိုးရဲ့ အဆင့်က ပုံမှန် ရေမြောင်းတွေထဲက ရေအဆင့်လောက်ကို သန့်နိုင်ပါတယ်တဲ့ နောက် အဖတ်တွေက အချပ်လိုက်လေးတွေ သက်သက် ထွက်လာတယ်ဆိုပဲ။
စကားချက်။ ။အဲဒီအချပ်တွေကိုပြန်ရောင်းတာ ဈေးကောင်းရတယ်ဆိုပဲ။
Treatment Plant တွေမှာ ကျနော် သိသလောက် Mechanical Treatment Plant အထက်က ဖော်ပြခဲ့တဲ့ ကောင်နဲ့ Treatment Plant ကို Virus သုံးပြီး Treatment လုပ်တာဆိုပြီးရှိပါတယ်။
ကျနော်လဲ Ejector Pit တွေနဲ့ ပတ်သက်လို့ ကြားဖူးနားဝ ရှိတာလေး ကို ဝေမျှပေးတာပါ ဒီအကြောင်း အရာတွေနဲ့ ပတ်သက်လို့ ဒီထက် ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်မယ့်သူကို လှိုက်လှဲစွာ ဖိတ်ခေါ်ပါရစေ။
နောက်ကျနော့်ကို သနားလို့ ဦးလေးက သူ့ဆိုဒ်ထဲမှာ IC တွေဘယ်လိုဆောက်နေတယ် ဆိုတဲ့ ပုံလေးတွေ ဓါတ်ပုံရိုက်ပီး ပေးထား တာလေးတွေ ဒီအောက်မှာဝေမျှပေး လိုက်ပါတယ်။
ပုံ(၁) ဒီပုံကတော့ ပိုက်လိုင်းတွေမပြေးခင် ပိုက်ရဲ့အောက်မှာခံတဲ့ Base slab လောင်းဖို့ရာပြင်ထားတဲ့ပုံပါ။ သံချောင်းတွေရဲ့အောက်မှာသစ်သားငုတ်လေးတွေမြင်ရမှာပါ။ အဲဒါလေးတွေက Timber Pile ပါ။
ပုံ (၂) ဒီပုံကတော့ Base Slab လောင်းပြီး ပိုက်လိုင်းပြေးဖို့ပြင်ထားတဲ့အနေအထားပေါ့။ ပိုက်လိုင်းပြေးပြီးရင် အပေါ်မှာ ပိုက်ကို Slab လောင်းပြီး အုပ်ထားလိုက်ပါတယ်။
ပုံ (၃)နဲ့(၄) ဒါလေးက IC ထဲကို ပိုက်တွေစုပေါင်းထည့်ထားတဲ့ပုံလေးပေါ့။
ပုံ (၅) ဒီပုံကတော့ ပိုက်တွေအားလုံးပြေးပြီး၊ မြေဖို့ပြီးတော့ IC ရဲ့ Roof လေးပဲလောင်းဖို့ကျန်တော့တဲ့အနေအထားလေးပေါ့။ အလယ်မှာ ချန်ထားတဲ့ကောင်လေးက နောင်တစ်ချိန်မှာ IC cover လေးတပ်ဖို့ပေါ့။
ပုံ(၆ နဲ့ ၇) ကတော့ IC ထဲပိုက်ဘယ်လိုတွေ ၀င်တယ်ဆိုတာ ရိုက်ထားတာပါ
ကျနော် အဓိက Refrence ယူတဲ့ site ကတော့ကိုချောလွင် BLOG
နောက် ပုံတွေကတော့ အားလုံးအသုံးပြုနေတဲ့ www.google.com ကနေလိုက်ရှာပြီးတင်ပေးထားတာပါ။
နောက် Singapore COP on Sewerage & Sanitary Works စာအုပ်ပါပဲ။
နောက် PUB ကဒေါင်းထားတဲ့ Sanitary Dwgs တွေနဲ့ Standard Details လေးတွေကို ဒီအောက်တွေမှာ သွားဒေါင်းနိုင်ကြပါတယ်။
Sanitary Dwgs
Standard Details
အားလုံးအဆင်ပြေကြပါစေဗျာ။
http://pkugtc.blogspot.com/2011/08/sanitary.html မှကောက်နှတ်ကောက်တင်ပြလိုက်တာပါ..............
No comments:
Post a Comment