Chin Engineering Groups

Wednesday, October 12, 2011

ယခုနှစ်အတွင်း နိုင်ငံပိုင် စက်မှုလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းအထိ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းကိုသာ အစိုးရမှ ဆက်လက် လုပ်ဆောင်မည်ဟု သိရ

ယခုနှစ်အတွင်း နိုင်ငံပိုင် စက်မှုလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်းမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းကိုသာ အစိုးရမှ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဇန်န၀ါရီလ ၉ ရက်နေ့တွင် ကျင်းပသည့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ နှစ်ပတ်လည် အသင်းသား စုံညီ ညီလာခံတွင် အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးခင်မောင်ကျော်က ပြောကြားခဲ့သည်။

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် အခြား ဒီမိုကရေစီနိုင်ငံများ နည်းတူ အစိုးရ ပိုင်ဆိုင်သော စက်မှုလုပ်ငန်းများကို ပုဂ္ဂလိကပိုင်များ အဖြစ်သို့ လွှဲပြောင်းနေခြင်း ဖြစ်ကြောင်း ပြောင်းလဲလာမည့် အစိုးရသစ် ဖွဲ့စည်းချိန်အတွင်း နိုင်ငံပိုင် စက်မှုလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းအထိ ပုဂ္ဂလိကသို့ လွှဲပြောင်းမှုများ ပြုလုပ်နိုင်ရန် သတ်မှတ်ချက်များ ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
''ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ပြောင်းလဲတဲ့အခါမှာ နိုင်ငံတော် ပိုင်ဆိုင်တဲ့ စက်မှုလုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းအထိကို ပုဂ္ဂလိကထံ လွှဲပြောင်းပေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါမျိုးက မြန်မာနိုင်ငံမှာတင် မဟုတ်ဘဲ တခြား ဒီမိုကရေစီနိုင်ငံ တွေမှာလည်း ဒီလိုမျိုးပဲ ဆောင်ရွက်လေ့ ရှိပါတယ်''ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံတွင် အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးခင်မောင်ကျော်က ပြောကြားခဲ့သည်။
နိုင်ငံပိုင်လုပ်ငန်း ၉၀ ရာခိုင်နှုန်းကို ပုဂ္ဂလိက လွဲပြောင်းမှုများ ပြုလုပ်ပြီးနောက် ကျန်ရှိသည့် ၁၀ ရာခိုင်နှုန်းကိုသာ အစိုးရမှ ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံပိုင် စက်မှုလုပ်ငန်းများ အပြင် နိုင်ငံပိုင် မော်တော်ယာဉ်၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံပိုင် စက်သုံးဆီဆိုင်များ၊ နိုင်ငံပိုင် အဆောက်အဦများနှင့် မြေကွက်များ၊ နိုင်ငံတစ်ဝန်းရှိ လမ်းတံတားများ၊ နိုင်ငံပိုင် ဆိပ်ကမ်းများနှင့် နိုင်ငံ ပိုင် အပန်းဖြေ နေရာများကိုပါ ဆက်လက် ချထားပေးမှုများ ပြုလုပ်လျက် ရှိကြောင်း ကုမ္ပဏီကြီးများထံမှ သိရှိရသည်။
၂၀၁၀ ပြည့်နှစ်အတွင်း နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၁၁၀ ခု၊ နိုင်ငံပိုင် အဆောက်အအုံ ၃၂ ခု၊ နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင် ၂၄၆ ဆိုင်နှင့် ရန်ကုန်မြစ်ကမ်းတစ်လျောက်ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ဗိုလ်တထောင်ဆိပ်ကမ်း၊ ပန်းဆိုးတန်း-နန်းသီတာ ဆိပ်ကမ်း၊ ကျန်းမာရေး ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ အလုံ ဆိပ်ကမ်းမှ ဗိုလ်တထောင် သံလျက်စွန်းအထိ ဆိပ်ကမ်း မြေနေရာများ ကဲ့သို့သော နေရာ အများအပြားကို ဈေးပြိုင် အိတ်ပိတ်စနစ်ဖြင့် ရောင်းချခြင်း၊ အဆိုပြုလွာခေါ်ဆို ရောင်းချခြင်းများ ပြုလုပ်ပြီး ဖြစ်ကြောင်း သိရှိရသည်။
ထိုပြင် ယခုနှစ်အတွင်း၌ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ စက်မှုလုပ်ငန်းများအပြင် နိုင်ငံပိုင်များသည်လည်း ရန်ကုန်နည်းတူပင် ပုဂ္ဂလိက လုပ်ငန်းရှင်များထံသို့ လွှဲပြောင်းပေးမှုများ လုပ်ကိုင်လျက်ရှိရာ ၂၀၁၁ ခုနှစ်ပိုင်း အတွင်း၌ စက်ရုံ၊ မြေကွက်များ အများစု ထပ်မံ လွှဲပြောင်းမှုများ ပြုလုပ်နိုင်ကြောင်း သိရှိရသည်။........www.weeklyeleven.com မှာ ကောက်ယူတာဖြစ်ပါတယ်..........

No comments:

Post a Comment