ရေအားလျှပ်စစ် ဆိုတာ ရေစီအားရဲ. အရွှေ.စွမ်းအင်ကို အသုံးပြုပြီး တာဘိုင်ကိုလည်ပတ်စေခြင်းမှ ရရှိတဲ့ လျှပ်စစ် စွမ်းအင်ပါပဲ ။
တာဘိုင်ရဲ့ အလုပ် က ရေစီးအားကနေ ၀န်ရိုးကို လည်ပတ်အား (rotation shaft power) ပြောင်းပေးတဲ့ ပစ္စည်း ပါ ။ ပထမဆုံး ရေအားလျှပ်စစ် စက်ရုံကို ၁၈၈၂ ခုနစ်က အမေရိကန် ၊ အေပယ်တန် (Appleton) မြို.မှာတည်ဆောက်ခဲ့ပါတယ် ။တဖြည်းဖြည်းနဲ.များလာလိုက်တာ အခုဆိုရင် ကမ္ဘာပေါ်က လျှပ်စစ် ထုတ်လုပ်မှု ၂၅ ရာခိုင်းနှုန်းကျော်က ရေအားလျှပ်စစ် ကရတာပါ ။ ထပ်ပြီးတိုးလာ ဦးမယ်လို.မျှော်လင့်ပါတယ် ။ ဘာတွေများကောင်းလို.ပါပဲ
(၁)ရေအားလျှပ်စစ် ထုတ်ဖို. လိုအပ်ချက်တွေ က ရဖို.လွယ်ပါတယ် ။ ဥပမာ ၊ ဂျနရေတာ (generator) ၊ gates ၊ valve ၊prime mover တို.စသဖြင့် ။
(၂)ရေအားလျှပ်စစ် စက်ရုံ အသေးစားတွေက သဘာဝ ပတ်ဝန်းကျင် တွက်ကောင်းမွန်ပါတယ် ။
(၃)တခြားလောင်စာ သုံးတဲ့ စက်ရုံ တွေနဲ. ယှဉ် ရင် စရိတ်သက်သာပါတယ် ။
(၄)ရေအားလျှပ်စစ် စက်ရုံ က နှစ်အကြာကြီး လည်ပတ်နိင်ပါတယ် ။
ရေစီးအားပြောင်းလဲမှုပေါ်မူတည်ပြီး ရေအားလျှပ်စစ် စက်ရုံ ၃ မျိုးရှိပါတယ် ။
၁ ။ conventional type - ရေတံခွန်တွေ ၊ ဆည်တွေက စီးလာတဲ့ ရေအားနဲ.မောင်းတဲ့နည်းပါ ။
၂ ။ pumped storage type - ဒီနည်းက ရေလောင်ကန်တစ်ခုထဲကို ရေစုပ် စက်နဲ.ရေတင်ပြီးမှ တဆင့် ဒီရေအားကို ပြန်စီးပြီးတော့လည်ပတ်စေတဲ့နည်းပါ ။ ရေလောင်ကန် ကို အမြင့်ပိုင်းမှာထားရမယ်လေ ။ ဒါမှရေစီးအားကောင်းမှာပါ ။
မြန်မာပြည် အလယ်တည့်တည့် က စီးဆင်းနေတဲ့ ဧရာဝတီ မြစ်ကြီးကို သာအသုံးချလိုက်ရင်ဖြင့် ....
၃ ။ နောက်ဆုံးနည်း က ပင်လယ် ဒီရေလှိုင်းတွေ ကို သုံးတဲ့နည်းပါ tidal wave type လို.မှတ်သားရပါတယ် ။ အချိန်နဲ.ဒီရေက လူကိုမစောင့်ပေမယ့် လူတွေကတော့ ဒီရေ ကိုအသုံးချဖို. စောင့်နေပါဘီ ။
လည်ပတ်မှုပေါ် မူတည်ပြီးလည်း ၂ နည်းခွဲထားသေးတယ် ။ ပုံမှန်ရေစီနဲ. ပုံမှန်လည်ပတ်နေတာ ကတနည်း ။ ဥပမာ conventional type ရော pumped storage type ရော ဒီနည်းအတိုင်းပုံမှန် လည်ပတ်စေပါတယ် ။ base-load type လို.ခေါ်တယ် ။ နောက်တစ်နည်းက အမြင့်ဆုံး ၀န်ကိုရောက်မှ လျှပ်စစ် ထုတ်တဲ့နည်းပါ ။ tidal wave type မှာဒီနည်းအတိုင်းပါ peak-load plant လို.ခေါ်တယ် ။
တည်ဆောက်ပုံကိုလိုက်ပြီး ၂ မျိုး ခွဲထားပြန်တယ် ။ river-of-river (သဘာဝအတိုင်းရေစီးစေတဲ့နည်း) ရယ် ၊ valley-dam plant (ရေလောင်ကန် အမြင့်မှာထားပြီး high potential အတည်စွမ်းအင် ကနေ ပြောင်းတဲ့နည်း ။ ဒီနည်းက ရေကာတာတွေတည်ဆောက် ပြီး ရေကိုတားထားမယ် လိုအပ်တဲ့ ရေစီးအားရမှ တာဘိုင်ကို ဖြတ်ပြီး လည်ပတ်စေတဲ့နည်း ။
ရေအားလျှပ်စစ်ထုတ်လုပ်မှုက အနည်းဆုံး ၁၀၀ ကီလိုဝပ်အောက်ကနေ အများဆုံး ၁၀၀၀ မီကာဝပ် ထိရနိင်တယ်လို. စာထဲမှာ ဖတ်ဘူးပါတယ် ( *၁ မီကာဝပ် = ၁၀၀၀ ကီလိုဝပ် ရှိပါသည် )
Pumped storage အမျိုးအစား ရေအားလျှပ်စစ်ကြတော့ ရေလောင်ကန် ၂ ခုထားတယ် ပထမရေလှောင်ကန်က
hydro power ထုတ်ဖို. ။ နောက် ရေလှောင်ကန်ကိုတော့ အောက်ဘက်အနိမ့်မှာ ထားပြီး အပေါ်ရေလောင်ကန်ဆီကို ရေတွေ ပြန်တင်တဲ့ နည်းလမ်း ကို သုံးတယ် ။ အဲလိုနည်းလမ်းက တည်ဆောက်ရတာဈေးကြီးပေမယ့် ပတ်ဝန်းကျင် ရေထု ညစ်ညမ်းမှုနဲ. ရေလွှမ်း ဧရိယာကို လျှော့ချနိင်ပါတယ် ။
pumped storage type အမျိုးအစားနဲ့ ရေအားလျှပ်စစ်ထုတ်ကြတာကို ပထမဆုံး ဖတ်ဖူးတဲ့အချိန်မှာ အမြင့်မှာရှိတဲ့ရေလှောင်ကန်ကို ပန့်နဲ့မောင်းတင်ထားတဲ့ ရေကိုပြန်သုံးထားတော့ စွမ်းအင်ဆုံးရှုံးမှု ရှိတာပဲလို့ စဉ်းစားမိပါတယ်။ သို့ပေမယ့် အဲဒီစနစ်ကို သုံးတဲ့ နိုင်ငံတွေက အကိုတို့ဆီမှာလို မီတာခက တပြေးတည်းမဟုတ်ဘူးတဲ့။ သုံးစွဲမှုနည်းတဲ့ ညဥ့်နက်ပိုင်းတွေမှာ ဈေးပိုသက်သာတယ်လို့ဆိုပါတယ်။ အဲဒီအချိန်တွေမှာ လျှပ်စစ်ပန့်တွေနဲ့ ရေတွေမောင်းတင်ထားပြီး၊ Peak Hours တွေကျမှ လျှပ်စစ်ဓာတ်အားပြန်ထုတ်ပေးတာလို့ ဆိုပါတယ်။ ပါဝါတယူနစ် ဈေးနှုန်းခြင်းကွာတော့ Efficiency Loss ကို ကာမိတယ်ထင်ပါရဲ့။
Power system တခုမှာ Peak load နဲ base load ဆိုပြီးရှိပါတယ်။ Base load ဆိုတာကသာမန်သုံးစွဲတဲ့ဝန်ဖြစ်ပြီးတော Peak load ကတော့ ဆောင်းရာသီလို Load demand များတဲ့ကာလမှာမြင့်တက်လာတဲ load ပါ။ပုံ မှန်သုံးစွဲရတဲ့ base load အတွက် Hydro power station တွေကယူသုံးပြီတော့ peak load အတွက်ကတော့ Thermal Station တွေကယူသုံးပါတယ်။
တနေ့တာ Load သုံးစွဲနမှု ဇယားကိုကြည့်မယ်ဆိုရင် ညည့်သန်းခေါင်ချိန် ဟာ သုံးစွဲမှုအတည်ဆုံးဖြစ်ပါတယ်။ဒါကြောင့် အဲဒိချိန်မှာပိလျှံနေတဲ ဓာတ်အားတွေကနေ Pump သုံးပြီးဆည်ထဲကိုပြန်ထည့်တယ်။အဲဒိစနစ်ကို Pump storage system လို့ခေါ်ပါတယ်။
နောက်ပြီး ရေအားလျှပ်စစ် စက်ရုံတွေ ဆိုတာ များသော အားဖြင့် အကြီးကြီး တည်ဆောက်ရတာဆိုတော့ သဘာဝပတ်ဝန်း ကျင်
အချက်တွေကို အများကြီး စဉ်းစားရတယ်လေ ။
No comments:
Post a Comment