Chin Engineering Groups

Friday, October 14, 2011

ကွန်ပြူတာ ကိုစစ်ဆေးခြင်း

ဟက်ဒစ်ကိုစစ်ဆေးခြင်း

Hard disk drivesကွန်ပျူတာတစ်လုံးကို အသုံးပြုလို့ တစ်လလောက်ကြာလာတဲ့အခါမှာHard disk ထဲမှာ သိုလှောင်ထားတဲ့ ဖိုင်တွေက နေရာအစီအစဉ်တကျမရှိပဲ တစ်စစီပြန့်ကျဲလာတတ်ပါတယ်။
အကောင်းဆုံးက Hard disk ကိုတစ်ပါတ်တစ်ခါလောက် Defragment လုပ်ပြီး ဖိုင်တွေကိုပြန်စီပေးမယ်သင့်တာပေါ့။
Defragment ဘယ်လိုလုပ်ရတယ်ဆိုတာ ကွန်ပျူတာ အခြေခံရှိသူတော်တော်များများသိပြီးသားဖြစ်ပေမယ့် လည်း ပြည့်ပြည့်စုံစုံလေးဖြစ်သွားအောင်
ထပ်ရေးချင်ပါတယ်။ Disk Defragmenter ကိုအသုံးပြုဖို့အတွက်
Start > All Programs > Accessories > System Tools > Disk Defragmenter သို့သွားပါ။ (ဒါကတော့ start menu ထဲကသွားတဲ့နည်းပေါ့
နောက်တစ်နည်းကတော့..
window key + R ကိုနှိပ်ပြီး run box ပေါ်လာရင်
)ဒီလိုဆိုရင် Disk Defragmenter Windows ထွက်လာပါပြီ။ ဒီနေရာမှာ သတိထားဖို့အချက်တစ်ခုရှိပါတယ်။Hard disk ကို Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်ကို အချက်အလက်တွေထည့်သွင်းခြင်းမပြုလုပ်ရပါဘူး။ ဖိုင်တွေ ကို Save မလုပ်သင့်ဘူးပေါ့ဗျာ။
ဒါကြောင့် Task Scheduler ကိုအသုံးပြုပြီး ကွန်ပျူတာကို လုံးဝအသုံးမပြုတော့တဲ့အချိန်မှာ Defragement လုပ်ဖို့ စီစဉ်ထားသင့်ပါတယ်။ Task Scheduler အကြောင်းကို သီးသန့်ထပ်ရေးပါမယ်။ Disk Defragmenter Windows ထွက်လာတဲ့နေရာဆီ ပြန်သွားကြည့်ရအောင်။

ကွန်ပျူတာအတွင်းတပ်ဆင်ထားတဲ့ Hard drive partation များကိုတွေ့ပါလိမ့်မယ်။ တယ်။Analyze buttom နဲ့ Hard drive ပေါ်ကဖိုင်တွေ Fragement ဖြစ်မဖြစ်စစ်ဆေးနိုင်ပါတယ်။
Analyze လုပ်ပြီးတဲ့အခါ Defragement လုပ်ဖို့လိုမလိုဆိုတဲ့ Result ထွက်လာပါလိမ့်မယ်။တစ်ခါတည်း Defragement လုပ်မယ်ဆိုရင်တော့ Defragement buttom ကိုနှိပ်လိုက်တာနဲ့Analyze ရော၊ Defragement ပါတစ်ခါတည်းလုပ်သွားပါလိမ့်မယ်။ Defragement လုပ်ဖို့ရာHard disk မှာ Free space အနည်းဆုံး 10% ရှိဖို့လိုအပ်ပါတယ်။ တကယ်လို့ Hard disk မှာ သိမ်းဆည်းထားတာ အပြည့်နီးပါးဖြစ်နေရင်လည်း အလုပ်လုပ်တာ နှေးကွေးလာပြီး Crash ဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် Hard disk ကိုပုံမှန်ရှင်းလင်းပေးထားပြီး Free space များများရအောင်ပုံမှန်ထိန်းထားသင့်ပါတယ်။ Windows folder အောက်မှ Temporary နဲ့ Internet file တွေကိုပုံမှန်ရှင်းထားပေးခြင်းဖြင့် Free space ပမာဏတော်တော်များများရရှိနိုင်ပါတယ်။ Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးကိုလည်း အပတ်စဉ်ရှင်းထားခြင်းဖြင့်လည်း နေရာလွတ်တိုးလာစေနိုင်ပါတယ်။ Hard disk မှာ Error ရှိမရှိကို လစဉ်စစ်ဆေးသင့်ပါတယ်Start>Programs>Accessories>Syst em Tools>Scan Disk သို့ဝင်ရောက်ပြီး Error နဲ့ Bad sector ရှိမရှိစစ်ဆေးနိုင်ပါတယ်။ရံဖန်ရံခါမှာ Start Menu အောက်မှာ Scan Disk သို့သွားရန် Shortcut မရှိပဲဖြစ်နေတတ်ပါတယ်။ဒီလိုဆိုရင်တော့ စစ်ဆေးလိုတဲ့ Drive မှာ Right Click မှတဆင့် Properties ကိုခေါ်ပါ။ Tools Tab အောက်က Error-checking မှာ Check Now ကိုနှိပ်လိုက်တာနဲ့ Check Disk Box
ထွက်လာပါပြီ။ System error ကိုပဲစစ်ဆေးပြုပြင်မယ်ဆိုရင် အပေါ်ကအကွက်မှာ အမှန်ခြစ်ပါHard disk မှာ Bad sector ရှိမရှိပါစစ်မယ်ဆိုရင် အောက်ကလေးထောင့်ကွက်ပါအမှန်ခြစ်ပြီးStart ကိုနှိပ်လိုက်တာနဲ့ စစ်ဆေးစရာရှိတာများကိုအလိုအလျှောက်စစ်ဆေးသွားပါလိမ့် မယ်။ဒီလို စစ်ဆေးနေစဉ်မှာ Hard disk ပေါ်သို့ ရေးခြင်း၊ ဖျက်ခြင်းများမပြုလုပ်သင့်ပါဘူး။

No comments:

Post a Comment