Chin Engineering Groups

Friday, October 14, 2011

Ports

A+ သင်တန်းပြီးသွားပြီ။ windowတင်တာလောက်တက်ပြီး ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်နေတဲ့လူတွေရော၊ သင်တန်းတော့ပြီးသွားပါရဲ့ ဘာမှမတတ်လိုက်တဲ့သူတွေရော၊ Latest ဆိုတာတွေပဲသိဖို့လိုတယ်ဆိုတဲ့လူရော အများကြီးတွေ့ဖူးပါတယ်။ တကယ်တော့ တချိန်မှာ
စာမေးပွဲဖြေမယ်ဆိုရင် ဒါတွေမသိထားလို့ မဖြစ်ပါဘူး။ A+သမားတယောက်ဖြစ်ပြီဆိုရင် ကွန်ပြူတာနဲ့ပတ်သက်ပြီးအားလုံးကိုသိနားလည်ထားမှ ကိုယ်ပြင်ပေးတဲ့ Customerကို ပြန်ရှင်းပြပေးနိုင်မှာပါ။ ပြင်ပြီးပြီ ရော့...အင့် ဆိုပြီး ပြန်ပေးလို့ ယူသွားတဲလူရှိသလို၊ ဘာကြောင့်လဲဆိုတာမျိုး မေးတတ်တဲ့လူတွေနဲ့တွေ့ရင်လည်း အကြောင်းစုံကို ဖြေကြားပေးရမှာပါ။
ဒါကြောင့် အခုအကြောင်းလေးကို တတ်သလောက်၊ မှတ်သားထားသလောက် ပြန်လည်ဝေငှပေးလိုက်ရခြင်းဖြစ်ပါတယ်။

PS/2 Port
ဒီPortအမျိုးအစားကို IBMမှ Developedလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ mouse, keyboardတွေ PCနဲ့ဆက်သွယ်နိုင်ရန်အတွက်ပါ။ Mini Din 6pins ဖြစ်ပါတယ်။

standard PS/2
Interrupt Request IRQ 12 (Mouse) and IRQ 1 (Keyboard)
Max Length 30.48m (100 Feet)

Universal Serial Bus Port - USB
Compag, IBM, DEC, Intel, Microsoft, NEC and Nothern Telecom တို့မှ Developed လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ audio players, joysticks, keyboard, mouse, scanners and Printerစသည်တို့နှင့် ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
ကွန်ပြူတာပါဝါ ပိတ်စရာမလိုဘဲ Deviceများကို တပ်ဆင်အသုံးပြုနိုင်ပါတယ်။ Device ပေါင်း 127 မျိုးနှင့် ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ 1.0, 1.1, 2.0 စသည်ဖြင့်ရှိပြီး ယခုနောက်ဆုံး 3.0များပင် အသုံးပြုနေပြီလို့ ကြားသိရပါတယ်။

Standard USB 1.0, USB 1.1, USB 2.0
Interrupt Request IRQ 11
Max Length 3 to 5 m
Max Data Rate 1.5 Mbps (1.0), 12 Mbps (1.1), 480 Mbps (2.0)
Power 2.5 w

FireWire - IEEE 1394
အလွန်လျှင်မြန်သော အမြန်နှုန်းဖြင့် Multimediaပိုင်းတွေမှာအသုံးပြုကြတဲ့ Video Camcordersများနှင့် High Speed Drivesများ၊ printer များနှင့် ချိတ်ဆက်အသုံးပြုကြပါတယ်။

Standard IEEE 1394
Interrupt Request IRQ 11
Max Device 63
Max Length 4.5
Max Data Rate 100Mbps, 200Mbps, 400Mbps

Serial Port (com port)
External Modem, Mouseစသည်တို့နှင့် တွဲဖက်တပ်ဆင်အသုံးပြုကြသည်။ ယခုနောက်ပိုင်း Motherboardများတွင် သိပ်မတွေ့ရတော့ပေ။ DB - 9 Male Connectorကို အသုံးပြုသည်။

Standard RS232
Inerrupt Request IRQ 3 (Com2&4), IRQ 4 (com1&3)
Max Length 15.24m (50 Feet)
Max Data Rate 1.5Mbps

Parallel Port
Zip Drive, Poratble CD-Rom and Scannerစသည်တို့ဖြင့် တပ်ဆင်အသုံးပြုနိုင်သည်။ အများအားဖြင့် Printer နှင့်သာ တွဲဖက်တပ်ဆင်ကြသည်။ အခုနောက်ပိုင်း Motherboardများတွင် သိပ်မတွေ့ရတော့ပါ။
Printerအများစုမှာ USBဖြင့်သာ အသုံးပြုမှုများပြားလာခြင်းကြောင့်ဖြစ်သည်။

Standard IEEE 1284
Interrupt Request IRQ 7 (LPT 1), IRQ 5 (LPT 2)
Max Length 10m (32.8 Feet)
Max Data Rate 4Mbps

ကဲ ဒီလောက်နဲ့ပဲ နားလိုက်ကြရအောင်။ နောက်တခါ bus များအကြောင်းအသေးစိတ်ကို တင်ပေးပါမယ်။ သိပြီးသားသူတွေအနေနဲ့ သိပ်ပြီးအရေးမကြီးပေမယ့် မသိသေးတဲ့သူတွေအတွက်တော့ အလွန်ကိုတန်ဖိုးရှိမယ်လို့ မျှော်လင့်ပါတယ်။သိထားရမှာက ဒီPortတွေ ကိုယ့် Motherboardမှာမပါဝင်ခဲ့လျှင်လည်း PCI Slotတွင် အလိုရှိသောPortအမျိုးအစားအား တပ်ဆင်အသုံးပြုနိုင်ပါတယ်။
ထပ်လေ့လာမည်ဆိုပါက Click ပါ..

No comments:

Post a Comment