ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀မှာ ကွန်ပျူတာသုံးစွဲတဲ့အခါ ပိုပြီးမြန်ဆန်လွယ် ကူဖို့အတွက် Tools တွေကို အသုံးပြုရပါတယ်။
ဒီလိုပိုပြီးမြန်ဆန်ဖို့အတွက် အသုံးပြုတဲ့ Tools တွေကို ၀င်းဒိုးစ်စနစ်သုံးဆော့ဖ်ဝဲတွေမှာ တတိယ မဏ္ဍိုင် ဆော့ဖ်ဝဲ (Third Party Software) လို့ခေါ်ပါတယ်။
ဒီတစ်ပတ်မှာတော့ ကွန်ပျူတာလုံခြုံရေးပိုင်းအတွက် အသုံးဝင်မယ့် Tools လေး တစ်ခုကို အိုင်တီဗဟုသုတ အနေနဲ့ မိတ်ဆက်တင်ပြပေးချင်ပါတယ်။
အခုဖော်ပြပေးမယ့် Tools လေးကတော့ Win Updates List လို့ခေါ်ပြီး
nirsoft.net/utils/wul.html မှာ လိုင်စင်ကို အခမဲ့ရယူနိုင်ပါတယ်။
ဒီဆော့ဖ်ဝဲက ကိုယ့်ရဲ့ ကွန်ပျူတာမှာ ကွန်ပျူတာလုံခြုံရေးနဲ့ ပတ်သက်လို့ ၀င်းဒိုးစ် Update နဲ့ Hotfixed တွေ ဘာတွေတင်ထားသလဲဆိုတာကို အလွယ်တကူသိရှိနိုင်အောင် ဆောင်ရွက်ပေးပြီး HTML, XML နဲ့ Text ဖိုင်တွေအဖြစ်နဲ့ Report ထုတ်ယူနိုင်ပါတယ်။
မိုက်ခရိုဆော့ဖ်က ကွန်ပျူတာ လုံခြုံရေးနဲ့ ပတ်သက်လို့ ၀င်းဒိုးစ် Update နဲ့ Hotfixed တွေကို အချိန်နဲ့ တစ်ပြေးညီ ထုတ်ဝေပေးလေ့ရှိပါတယ်။
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် Update မလုပ်မိကြတာမျိုး တွေရှိတဲ့အပြင် ကိုယ့်စက်မှာ ဘယ်လို Security Update တွေလိုအပ်နေတယ်ဆိုတာကိုလည်း အလွယ်တကူမသိရှိနိုင်ပါဘူး။
ဒါကြောင့် ၀င်းဒိုးစ်စနစ် မှာပါဝင်တဲ့ Auto-Update ကို အသုံးပြုပြီး လုံခြုံရေးစနစ်ကို မြှင့်တင်ပေးရပါတယ်။
Auto-Update ပြုလုပ်တဲ့အခါမှာ ၀င်းဒိုးစ်လိုင်စင် ပြဿနာဖြစ်တဲ့ ၀င်းဒိုးစ် Genuine Advantage နဲ့ ကြုံရ တတ်ပါတယ်။
ဒါကြောင့် စက်တစ်လုံးမှာ Auto-Update ကို ဖွင့်ထားပြီး လိုအပ်မယ့် လုံခြုံရေးစနစ်ကိုအလိုအလျောက် Update လုပ်ပါ။
ပြီးရင် Win Updates List ကို အသုံးပြုပြီး Update လုပ်ထားတဲ့ ဖိုင်တွေအကြောင်းကို Report ထုတ်ယူ နိုင်ပါတယ်။
နောက်ပြီးရင်တော့ Report မှာ ပါဝင်တဲ့ ၀က်ဘ်လင့်ခ် ကနေ Security Update တွေကို ပြန်လည်စုစည်းပြီး ဆွဲချနိုင်ပါတယ်။
ဒီလိုစုစည်းထားတဲ့အတွက် နောင်မှာ လုံခြုံရေးပိုင်း Update ပြုလုပ်လိုတဲ့ ကွန်ပျူတာတွေကို ဒီ Tools လေး အသုံးပြုလို့ အလွယ်တကူပြုလုပ်နိုင်ပါပြီ ဆိုတဲ့အကြောင်း ပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ရပါတယ်။
www.friendsmyanmar.com မှကောက်နှတ်တင်ပြတာလေးပါ..
No comments:
Post a Comment