ပထမတစ်ခုကတော့ Hardware ပိုင်း ဖြစ်ပြီးတော့
ဒုတိယတစ်ခုကတော့ System ပိုင်းဖြစ်ပါတယ်။
ပထမတစ်ခုဖြစ်တဲ့Hardware ပိုင်းကိုပြုပြင်ထိန်းရသည့်အကြောင်းအရင်းကတော့ Electronic စက်ပစ္စည်းတိုင်းအချိန်နဲ့အမျှထိန်းသိမ်းနေရပါတယ် အကြောင်းကတော့
ပုံမှန်လည်ပတ်နေနိုင်စေရန်နှင့် ရေရှည်သုံးစွဲနိုင်စေရန်ဖြစ်ပါတယ်။
ဒုတိယတစ်ခုဖြစ်တဲ့ System ပိုင်းမှာတော့ သုံးစွဲသူရဲ့ကွန်ပျုတာမှာရှိနေတဲ့Windows နဲ့ တခြားအသုံးပြုနေသော Software တွေကိုပုံမှန် Maintenance လုပ်ပေးနေရခြင်းဖြစ်ပါတယ်
ပထမတစ်ခုဖြစ်တဲ့ Hardware ပိုင်းမှာဆိုရင်တော့
Main board(motherboard)
HDD(Hard disk)
Ram(memory)
Rom(CD,DVD drives)
CPU(central processing unit)
CPU Fan
Power Supply
A casing(system case)
Monitor(CRT,LCD)
UPS စတဲ့ပစ္စည်းတွေကိုပုံမှန်သန့်ရှင်းရေးလုပ်ပေးရပါတယ်။
Mother board ဆိုရင်ဖုံတွေရေငွေ့တွေကြောင့် ရှော့(ခ်) ကျတတ်ပါတယ် ဒီလိုဖြစ်လာခဲ့ရင်တော့Hard disk တွေ CPU တွေ Memory တွေကိုထိခိုက်စေနိုင်ပါတယ်
Mother board ဆိုရင်အမြဲဖုန်မရှိစေရန်ဂရုစိုက်ရပါမယ် CPU Fan ကိုလဲ ပုံမှန်ဖုန်တွေ ရှင်းပေးရပါမယ် CPU Fan ဟာဖုန်တွေများလာလို့ပံမှန်မလည်တော့ဘူးဆိုရင်တော့
CPU အတွက်အရမ်းအန္တရယ်များပါတယ် Fan ပုံမှန်မလည်တော့ရင် CPU မှာ Heat တွေ ထိုးတက်လာမယ်ပြီးရင် CPU ပျက်သွားစေနိုင်ပါတယ် CPU ဟာကွန်ပျုတာတစ်ခုလုံးရဲ့ ဦးနှောက်အစိတ်အပိုင်းပါ ဒါကြောင့်CPU Fan နဲ့ CPU Socket မှာကပ်နေတဲ့ဖုန်တွေကို ရှင်းလင်းပေးရပါမယ် Hard disk မှာလည်း Fan ပါပါတယ် သူ့ကိုလဲဖုန်တွေ ရှင်းပေးသင့်ပါတယ် Memory ဆိုရင်တော့ သူကစက်စဖွင့်ချိန်မှာစအလုပ်လုပ်တယ် သူ့ထဲကိုData တွေဆွဲသွင်းမယ်ပို့ပေးမယ်လက်ခံပေးမယ် စက်ပိတ်လိုက်ရင်တော့သူ့ထဲမှာ ဘာData မှာချန်မထားပဲ Free အခြေအနေမှာပဲရှိနေပါတယ် Memory card ရဲ့ socket မှာစိုက်တဲ့ pin လေးတွေဟာဖုန်တွေကပ်ပြီးဂျီးပိတ်နေရင်စက်မှာ Memory Error ပြနေနိုင်ပါတယ် အဲ့ဒီpinလေးတွေကို ခဲဖျက်နဲံ့ တိုက်ပြီးတော့သန်ရှင်းပေးနိုင်ပါတယ် CD,DVD Drive တွေမှာလဲသုံးစွဲတာကြာလာရင် Data ဖတ်နိုင်စွမ်းတွေလျော့ကျ လာနိုင်ပါတယ် Power Supply အတွက်ကတော့မလိုအပ်တဲ့ Power သုံးစွဲမှုတွေကို လျော့ချပေးခြင်းဖြင့်သက်တမ်းကိုကြာစေနိုင်ပါတယ်ပြီးတော့ Casing တစ်ခုလုံးကိုလဲ
ဖုန်တွေရေငွေ့တွေမ၀င်နိုင်မဲ့နေရာတွေမှာပဲထားသင့်ပါတယ်ရေငွေ့နဲ့ဖုန်တွေ့ရင်ရှော့(ခ်)
ကျပြီးတော့သက်တမ်းမပြည့်မီပျက်စီးစေနိုင်ပါတယ် Monitor မှာတော့ CRT နဲ့ LCD
ဆိုပြီးနှစ်မျိုးရှိပါမယ် CRT ကတော့ Cathoderay နဲ့အလုပ်လုပ်တာ LCD ကတော့ Liquid နဲ့အလုပ်လုပ်တာပါ CRT မှာဖန်မျက်နှာပြင်ပေါ်မှာဖုန်တွေတင်နေလို့အ၀တ်နဲ့ဒီတိုင်း
သုတ်လို့ရပေမဲ့ LCD မှာတော့ သူ့ မျက်နှာပြင်ကို ပွတ်တိုက်သုတ်မိခဲ့ရင် အခန့်မသင့်ပါက
Death screen ဖြစ်သွားစေနိုင်ပါတယ် အခု Hardware ပိုင်းတွေဟာမြင်သာတဲ့အတွက် အလွယ်တကူသန့်ရှင်းရေးကိုပြုလုပ်နိုင်ပါတယ်
System ပိုင်းအတွက်ကိုတော့Windows မှာအရန်အသင့်ပါလာပြီးဖြစ်တဲ့
windows maintenance ပိုင်းကိုများစွားအထောက်ကူပြုတဲ့ System Tool တွေနဲ့error
တွေကိုဖြေရှင်းပြီး ကွန်ပျုတာရဲ့အမြန်နှုန်းကိုပိုမိုကောင်းမွန်လာနိုင်စေပါတယ်
Start > All programs > accessories > system tool > disk defragmenter
Disk defragmenter
Disk defragmenter က Hard disk ကိုmaintenanceလုပ်ပေးတဲ့ system tool တစ်ခုပါ သူ့ရဲ့လုပ်ဆောင်ချက်တွေကတော့ Hard disk တစ်လုံးကိုData တွေမှတ်လိုက်တယ် programs တွေသွင်းလိုက်တယ် software တွေထည့်လိုက်တယ် ပြီးတော့ မကြိုက်တာတွေပြန်ဖြုတ်မယ်မှတ်လိုက်ဖျက်လိုက် လုပ်တာများလာရင် Hard disk
ထဲမှာ Free space တွေနည်းလာမယ် လုပ်ဆောင်ချက်တွေနှေးလာမယ် Data တွေ lose ဖြစ်လာတတ်တယ် အဲ့ဒီ့ အခါမှာ ဒီ Disk defragnebter ကို လုပ်ပေးလိုက်ရင်သူက Freespace တွေကိုပြန်ပေါင်းပေးတယ်အထဲမှာရှိတဲ့programs တူတာတွေကိုပြန်စုပေးတယ်
Hard disk အမြန်နှုန်းကိုပြန်မြှင့်ပေးစေတယ် Disk defragmenter ကိုပုံမှန်လုပ်ပေးခြင်းဖြင့်လဲ
Hard disk ရဲ့သက်တမ်းကိုအပြည့်အ၀သုံးနိုင်မှာဖြစ်ပါတယ်
Start > All programs > accessories > system tool > Disk cleanup
Disk cleanup
Disk cleanup တော့ Hard disk ထဲမှာရှိနေတဲ့အမှိုက်တွေ programsတွေ ကထွက်လာတဲ့ Temp Filesတွေကိုပြန်ဖျက်ပေးတယ်အမှိုက်တွေ နေရာယူထားတဲ့ နေရာကိုFree space ပြန်ထားပေးပါတယ် Disk cleanup ပုံမှန်လုပ်ပေးခြင်းကတော့ စက် run နေချိန်မှာပေါ့ပေါ့ပါးပါးဖြစ်ရန်ပြီးတော့စက်စတက်ချိန်မှာနှေးမနေအောင်အထောက်အကူပြုပါတယ် နောက်ထပ် Maintainance Tools ကတော့ Windows ပိုင်းပေါ်ကို right click နှိပ်ပြီးတော့ properties ကနေ Tab က check now ကိုနှိပ်လိုက်ပါသူ့ရဲ့လုပ်ဆောင်ချက်တွေကတော့ Hard Disk Drive ပေါ်က Error ဖြစ်နေတဲ့ Files တွေ Bad sectors တွေကိုပြန်ဖျောက်ပေးနိုင်ပါတယ်
အသုံးဝင်တဲ့နောက်ထပ် Tools တွေကတော့ System Restore ပဲဖြစ်ပါတယ်
Start > All program > Accessories > System Tools > System Restore
ကိုသွားပါ system restore box ကျလာပါလိမ့်မယ်သူရဲ့Function ကတော့ အခုလက်ရှိရောက်နေတဲ့နေ့ရက်အချိန်က ကွန်ပျူတာ sitting တွေကို အရင်တုန်းကကျန်ခဲ့တဲ့ system time ကိုပြန်ရောက်သွားအောင်လုပ်ပေးတာပါ ဥပမာ
စက်မှာ အကြောင်းအရင်းအမျိုးမျိုးကြောင့် Error တက်လာခဲ့ရင် ဖြေရှင်းဖို့သိပ်အချိန်မပေးနိုင်ရင် သူ့ကိုသုံးကြည့်ပါ အရင်ပုံမှန် Run နေတဲ့အချိန်ကိုပြန်ရောက်အောင်လုပ်လို့ရပါတယ် System Restore က Windows အတွက်အရေးပါတဲ့ system Tool တစ်ခုပါ သူ့ကိုသုံးပြီး Windows Error တွေကိုဖြေရှင်းနိုင်ပါတယ်
ပြန်ရောက်ချင်တဲ့ အချိန်ကို ရွေးပေးပြီးတော့ Next ကနေသွားပါ
ပြီးတော့ Finish ကိုနှိပ်ပေးလိုက်ရင် Restore ပြန်လုပ်နေပါပြီ Restart ကျသွားပြီးပြန်တက်လာရင်တော့ ရွေးပေးထားတဲ့နေ့က system time နဲ့ system sitting ကိုပြန်ရောက်သွားပါပြီ။ပြန်ရောက်ချင်တဲ့ အချိန်ကို ရွေးပေးပြီးတော့ Next ကနေသွားပါ
ပြီးတော့ Finish ကိုနှိပ်ပေးလိုက်ရင် Restore ပြန်လုပ်နေပါပြီ Restart ကျသွားပြီးပြန်တက်လာရင်တော့ ရွေးပေးထားတဲ့နေ့က system time နဲ့ system sitting ကိုပြန်ရောက်သွားပါပြီ (အသုံးဝင်မယ်ထင်လို့မျှဝေလိုက်ပါတယ်)
အညွန်း - တစ်နေရာရာမှာတော့, အသုံးဝင်ပါစေ
No comments:
Post a Comment